မည်သည့်ရလာဒ်မှ ရှာမတွေ့ပါ

Leveluk K8

Kangen ရေသန့်®၏သုံးစွဲပုံအမျိုးမျိုး

Electrolysis ဟာရေကို အယ်ကာလီနှင့် အက်ဆစ်ဓာတ်ပါဝင်သောရေများအဖြစ်ခွဲခြမ်းတဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။ pH အဆင့်ဟာ ဘယ်ရေအမျိုးအစားကိုဖန်တီးမှာလဲဆိုတာဆုံးဖြတ်ပေးပါတယ်။

သင်အလိုရှိရာရေကိုခလုပ်တချက်နှိပ်ပြီးဖန်တီးနိုင်ပါပြီ!

လွယ်ကူစွာအသုံးပြုနိုင်တဲ့LCD မျက်နှာပြင်နဲ့ အသံလမ်းညွှန်မှုတို့က ဒီစက်ကိုအသုံးပြုရတာလွယ်ကူစေပါတယ်!

Electrolysis ဟာရေကို အယ်ကာလီနှင့် အက်ဆစ်ဓာတ်ပါဝင်သောရေများအဖြစ်ခွဲခြမ်းတဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။ pH အဆင့်ဟာ ဘယ်ရေအမျိုးအစားကိုဖန်တီးမှာလဲဆိုတာဆုံးဖြတ်ပေးပါတယ်။

ရေအမျိုးအစားတခုချင်းစီအကြောင်းပိုမိုလေ့လာလိုက်ပါ:

  • ဆေးကြောခြင်းနှင့်သန့်စင်ခြင်း
    ဆေးကြောခြင်းနှင့်သန့်စင်ခြင်း

    ဓားများ၊ စဉ်းတီတုံးများ၊ ပန်းကန်အဝတ်စုတ်များ နှင့် မီးဖိုချောင်အဝတ်ကြမ်းများအစရှိသည်တို့ကိုသန့်စင်လိုက်ပါ။ ပိုမိုအားကောင်းတဲ့သန့်စင်ခြင်းအတွက် အားကောင်းသောKangen ရေသန့်ကို အားကောင်းသောအက်ဆစ်ဓာတ်ရှိသည့်ရေအသုံးမပြုခင် သုံးလိုက်ပါ။ အား‌ပြင်းသောအက်ဆစ်ဓာတ်ကြောင့် အလွယ်တကူသံချေးတက်နိုင်သော သတ္တုများကို အဝတ်ခြောက်ဖြင့်သာသုတ်သင့်ပါတယ်။

    စီးပွားဖြစ်လုပ်ငန်း
    စီးပွားဖြစ်လုပ်ငန်း

    အလှပြင်ဆိုင်များ၊ဆံပင်အလှပြင်ဆိုင်များ၊စားသောက်ဆိုင်များ၊ရေဆင်းကောလိပ်များ၊ နေ့ကလေးထိန်းကျောင်းများ၊ တိရစ္ဆာန်ပစ္စည်းအရောင်းဆိုင်များနှင့် ဘိုးဘွားရိပ်သာများဟာ အားကောင်းသောအက်ဆစ်ဓာတ်ရှိသည့်ရေကိုအသုံးပြုခြင်းဖြင့်အကျိုးကျေးဇူးအမြောက်အများရရှိနိုင်ပါတယ်။

    သန့်ရှင်းခြင်း
    သန့်ရှင်းခြင်း

    အားကောင်းသောအက်ဆစ်ဓာတ်ရှိသည့်ရေကို လက်ဆေးရန်နှင့် ရေချိုးခန်းမျက်နှာပြင်များကိုပိုးသတ်ရန်အသုံးပြုပါ။

  • မျက်နှာသစ်ခြင်း
    မျက်နှာသစ်ခြင်း

    အက်ဆစ်ရေရဲ့စေးကပ်စေသောဂုဏ်သတ္တိများဟာ သင့်ရဲ့အသားအရေကို ကြံ့ခိုင်တင်းရင်းစေပါတယ်။ အရေပြားကိုညင်သာစွာပွတ်ပါ ပြီးသွားရင်အခြောက်ခံလိုက်ပါ။ ပြီးတော့ မုတ်ဆိတ်ရိတ်ပြီးချိန်မှာ တိုနာအဖြစ်လဲအသုံးပြုလို့ရပါတယ်။

    ဆံကေသာထိန်းသိမ်းစောင့်ရှောက်ခြင်း
    ဆံကေသာထိန်းသိမ်းစောင့်ရှောက်ခြင်း

    ခေါင်းလျှော်ပြီးတဲ့အခါမှာရေဆေးမဲ့အစားအသုံးပြုပါ။ စိတ်ညစ်စရာဆံပင်ရှုပ်နေတာတွေကိုဖယ်ရှားပေးပြီး ဆံသားကိုတောက်ပစေပါတယ်။

    ချိုးရေ
    ချိုးရေ

    အက်ဆစ်ဓာတ်ရှိတဲ့ရေကို ထည့်ချိုးခြင်းဖြင့် သင့်ရဲ့ရေချိုးဇလုံကို စွန်းထင်းခြင်းများမှကာကွယ်လိုက်ပါ။ ဒီရေထဲမှာရေချိုးတာဟာ ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး အသားအရေကိုလှပစေပါတယ်။

    အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
    အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ခြင်း

    သင့်ရဲ့အိမ်မွေးတိိစ္ဆာန်များကိုသန့်စင်ပေးရာမှာကောင်းမွန်ပါတယ်၊ နူးညံ့တောက်ပတဲ့အမွှေးတွေရဖို့ ဒီရေနဲ့ပွတ်သပ်ပေးပါ။

    အဝတ်လျှော်စက်ဖြင့်လျှော်ဖွတ်ခြင်း
    အဝတ်လျှော်စက်ဖြင့်လျှော်ဖွတ်ခြင်း

    အဝတ်လျှော်စက်ဖြင့်မလျှော်ခင် အက်ဆစ်ရေထဲသို့နှစ်ပေးခြင်းဟာ သင့်အဝတ်များကိုပျော့ပျောင်းစေပါတယ်။

    ပဲတောင့်များကိုချက်ပြုတ်ခြင်း
    ပဲတောင့်များကိုချက်ပြုတ်ခြင်း

    ပဲကတ္တီပါများနှင့်ပဲစေ့စိမ်းများကဲ့သို့ ပဲတောင့်အမျိုးအစားများကို အကောင်းမွန်ဆုံးချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ အက်ဆစ်ဓာတ်ရှိသောရေဟာ ချက်ပြုတ်ချိန်ကို မြန်စေတာကြောင့် မတူးစေဖို့ဂရုစိုက်ပါ။

    အသီးအရွက်များကိုဆေးကြောခြင်း
    အသီးအရွက်များကိုဆေးကြောခြင်း

    ဒီရေနဲ့သန့်စင်ပြီးပြင်ဆင်တဲ့အခါမှာ စတော်ဘယ်ရီ၊ဂေါ်ဖီထုပ်အနီ၊ ကညွတ် နှင့်ခရမ်းသီးတို့ရဲ့အရောင်များဟာပြောင်းလဲသွားမှာမဟုတ်ပါဘူး။

    ကြော်လှော်ထားသည့်အစားအသောက်
    ကြော်လှော်ထားသည့်အစားအသောက်

    အကြော်အနှစ်ကို အက်ဆစ်ရေနဲ့ပြုလုပ်တဲ့အခါမှာ ကြော်လှော်ထား‌တဲ့အစားအသောက်တွေဟာ ကြွပ်ရွပါတယ်။

    ရေခဲရိုက်အစားအသောက်
    ရေခဲရိုက်အစားအသောက်

    ရေခဲမရိုက်ခင် အက်ဆစ်ရေနှင့်ပက်ဖျန်းခြင်းဟာ ငါးနှင့်ပုစွန်များအပါအဝင်အစားအသောက်များကို ပြန်လည်ထုတ်ယူတဲ့အခါမှာ အရသာမပျောက်အောင်လုပ်ဆောင်ပေးပါတယ်။

    အစွန်းအထင်းများ
    အစွန်းအထင်းများ

    အစွန်းအထင်းများ၊အညစ်အကြေးများနှင့်ဆီကွက်များကိုဖယ်ရှားရန် ရေထဲတွင် ၂၄ နာရီကြာစိမ်ထားပါ။

    ပန်းကန်များ
    ပန်းကန်များ

    ပန်းကန်များနဲ့ဖန်ခွက်များကိုဒီရေနဲ့ဆေးတဲ့အခါမှာ ၎င်းတို့ဟာ တောက်ပြောင်စင်ကြယ်သွားမှာဖြစ်ပါတယ်။

    အရောင်တင်ခြင်း
    အရောင်တင်ခြင်း

    မှန်များ၊မျက်မှန်များ၊ ဖန်သားပစ္စည်းများနှင့် ပြတင်းပေါက်များကို ပြောင်လက်သွားအောင်အရောင်တင်ပါ။

    အိမ်သန့်ရှင်းခြင်း
    အိမ်သန့်ရှင်းခြင်း

    ပါကေးများ၊ကြွေပြားများ အစရှိသည်တို့မှ အမှိုက်များကို စေးကပ်သောအကြွင်းအကျန်များမရှိပဲ ဖယ်ရှားပါ။

  • ဆေးဝါး
    ဆေးဝါး

    ဆေး‌ဝါးများသောက်တဲ့အချိန်မှာ ဒီရေကိုအသုံးပြုသင့်ပါတယ်။

    ကလေးအစားအသောက်
    ကလေးအစားအသောက်

    ကလေးအာဟာရများကိုပြင်ဆင်နေတဲ့အချိန်မှာ သန့်စင်သောရေကိုအသုံးပြုပါ။

  • သောက်သုံးခြင်း
    သောက်သုံးခြင်း

    မနက်နိုးနိုးချင်းပထမဆုံး ရေ ၂ ခွက်မှ ၃ ခွက်အထိသောက်ပါ။ ဘုံဘိုင်ခေါင်းရေနဲ့ယှဉ်ရင် Kangen ရေသန့်® မှာ မကောင်းတဲ့အနံ့မရှိပဲ ပေါ့ပါးပြီး အနည်းငယ်ချိုမြတဲ့အရသာရှိပါတယ်။

    သင့်ရဲ့အစားသောက်မှာ အသီးအရွက်တွေပါဝင်ဖို့အရေးကြီးပါတယ်၊ ကြက်ဥအနှစ်၊ ထမင်း၊ ကြက်သား၊ဝက်သားနှင့် အမဲသားကဲ့သို့အက်ဆစ်ဓာတ်ရှိသောအစားအစာပမာဏအများအပြားကိုစားသောက်တဲ့အခါမှာ ဒီအစားအသောက်များရဲ့ အက်ဆစ်နဲ့အယ်ကာလီအကျိုးဆက်များကို မျှတစေတဲ့ အယ်ကာလီဓာတ်ရှိသော Kangen ‌ရေသန့်® ကိုသောက်သုံးဖို့အရေးကြီးပါတယ်။

    ရေဓာတ်လုံလောက်မှုရှိခြင်း
    ရေဓာတ်လုံလောက်မှုရှိခြင်း

    Kangen ရေသန့်® ဟာသင့်ကို လိုအပ်တဲ့ရေဓာတ်ပမာဏပေးစွမ်းပါတယ်။ ကျန်းမာပြီးဟန်ချက်ညီစွာနေထိုင်နိုင်ရေးအတွက် ရေဓာတ်ပြည့်ဝဖို့က အခရာကျပါတယ်။

    အစားအသောက်ပြင်ဆင်ခြင်း
    အစားအသောက်ပြင်ဆင်ခြင်း

    Kangen ရေသန့်® ကိုအသုံးပြုပြီး ကြက်သွန်နီများ၊မျှစ်များ ဒါမှမဟုတ် အလားတူအစားအသောက်များရဲ့ ကြမ်းရှတဲ့အရသာကိုဖယ်ရှားလိုက်ပါ။ အနံ့ပြင်းတဲ့ အသည်းနဲ့အခြားအသားများကို Kangen ရေသန့်®‌ အတွင်းမှာ ၂၀ မိနစ် ကနေ ၃၀ မိနစ်အတွင်းနှစ်ထားပြီး အနံ့ပြင်းခြင်းကိုလျှော့လိုက်ပါ။

    ဆန်
    ဆန်

    ဆန်‌ဆေးကြောခြင်းနှင့်ချက်ပြုတ်ခြင်းတို့အတွက်သုံးလိုက်ပါ၊ အရသာရှိပြီးကြွရွတဲ့ထမင်းကိုရရှိပါမယ်။

    ကော််ဖီနှင့်လက်ဖက်ရည်
    ကော််ဖီနှင့်လက်ဖက်ရည်

    ၎င်းတို့အတွက် အနံ့၊ အရသာ က အရေးကြီးဆုံးဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့ အရောင်၊အနံ့၊ အရသာအပေါ် သင်အံ့သြသွားပါလိမ့်မယ်။ ပြီးတော့ ရေရဲ့ ထုတ်နုတ်နိုင်တဲ့ဂုဏ်သတ္တိ‌ကြောင့် ကော်ဖီ သို့ လက်ဖက်ရည် နည်းနည်းနဲ့လည်း အနံ့အရသာ ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။

    စွတ်ပြုတ်များနှင့် စတူးများ
    စွတ်ပြုတ်များနှင့် စတူးများ

    Kangen ရေသန့်® ဟာ ပါဝင်ပစ္စည်းအမယ်များရဲ့ အရသာကို ထုတ်ယူပေးတာကြောင့် ၎င်းတို့ကို ပျော့ပျောင်းပြီး အရည်ရွှမ်းစေပါတယ်။ ဒါကြောင့် ဆားနှင့် ပဲငံပြာရည်လို ဟင်းခတ်များကို အနည်းငယ်သာလိုအပ်ပါပြီး ဆားစားသုံးမှုလျှော့ချချင်တဲ့သူတွေအတွက် ဒီရေသန့်က အဆင်ပြေလှပါတယ်။

    အပင်များ
    အပင်များ

    အပင်များနဲ့ပန်းများကို ရေလောင်းဖို့အသုံးပြုလိုက်ပါ။ အပင်များရဲ့လန်းဆန်းမှုနဲ့ရှင်သန်မှုအတွက် Kangen ရေသန့်®။

    တိရစ္ဆာန်များ
    တိရစ္ဆာန်များ

    Kangen ရေသန့်® ဟာ အိမ်‌မွေးတိရိစ္ဆာန်ပစ္စည်းများအတွက် သဘာဝအစားထိုးအဖြစ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ သင့်ကိုယ်ပိုင်အိမ်မွေးတိရိစ္ဆာန်ခေါင်းလျှော်ရည်ကို သင့်သားသားမီးမီးတွေရဲ့အမွှေး pH အဆင့်အလိုက် အလှအပရေ၊ Kangen ရေသန့်® ဒါမှမဟုတ် ရိုးရိုးရေ တို့နဲ့ဖန်တီးလိုက်ပါ။သင့်သားသားမီးမီးတို့အတွက် သင့်လျော်တဲ့ရေကို သင့်ရဲ့တိရိစ္ဆာန်ဆရာဝန်နဲ့တိုင်ပင်ပါ။

    လက်မှုပစ္စည်းများ
    လက်မှုပစ္စည်းများ

    အဝတ်ဆေးဆိုးခြင်းနှင့် အခြားလက်မှုပစ္စည်းများအတွက်ကောင်းမွန်ပါတယ်။ ဒီရေကိုအသုံးပြုပြီးနောက်ရရှိလာတဲ့ စိုလက်လက်အ‌ရောင်တွေကို သင်နှစ်ခြိုက်သွားမှာပါ။

    သတ္တုဓာတ်များ
    သတ္တုဓာတ်များ

    Kangen ရေသန့်® ဟာ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ် နှင့်မက်ဂနီဆီယမ် သတ္တုဓာတ်များပါဝင်ပါတယ်။ ကောင်းကျိုးပြုသတ္တုဓာတ်များကိုပါ ဖယ်ရှားပစ်တဲ့ reverse osmosis ရေသန့်စနစ်လိုမဟုတ်ပဲ Kangen ရေသန့်® အတွင်းမှာ ဒီသတ္တုဓာတ်တွေကို မစစ်ထုတ်ပစ်ပါဘူး။

  •  Cleaning Veggies (Euro)

    အစားအသောက်ပြင်ဆင်ခြင်း
    အစားအသောက်ပြင်ဆင်ခြင်း

    သန့်ရှင်းသောအသီးအရွက်များနှင့်ငါးများ။ အားကောင်းသော Kangen ရေသန့် မှာကြိုစိမ်ခြင်းဖြင့် ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်နီ၊ မျှစ် စတဲ့ အသီးအရွက်များရဲ့အရသာ ကို မြှင့်တင်လိုက်ပါ။

    သန့်ရှင်းခြင်း
    သန့်ရှင်းခြင်း

    စဉ်းတီတုံးများနှင့် ပန်းကန်သုတ်အဝတ်များကိုသန့်စင်ပါ။ လေဝင်လေထွက်ပေါက်များရှိ ဆီများ၊ အညစ်အကြေးများ ရှင်းလင်းရန် နှင့် အထွေထွေမီးဖိုချောင်သန့်ရှင်းရေးပြုလုပ်ရန် ကောင်းမွန်ပါတယ်။

    အစွန်းထင်းဖျက်ခြင်း
    အစွန်းထင်းဖျက်ခြင်း

    ပိုမိုသာလွန်တဲ့အားကောင်းမှုဟာ ကော်ဖီ၊ပဲငံပြာရည်စွန်းခြင်းနှင့် ဆီစွန်းခြင်းများကို ပယ်ဖျက်ပေးမှာပါ။ ပြီးတော့ အိမ်သာအိုးအစွန်းထင်းများကို ကြေးချွတ်ဖို့အတွက်လည်း ကောင်းမွန်ပါတယ်။

    ပန်းကန်များ
    ပန်းကန်များ

    ပန်းကန်ဆေးဖို့ ဆပ်ပြာမှုန့်လျှော့သုံးလိုက်ပါ။ ဆပ်ပြာမှုန့်ကိုပြောင်စင်အောင်ဆေးရန် ပုံမှန်ရေပမာဏရဲ့ ‌သုံးပုံတစ်ပုံမှ လေးပုံတစ်ပုံသာလိုအပ်သောကြောင့် ရေမီတာခကိုချွေတာလိုက်ပါ။

ဒီအံ့အားသင့်စရာဗီဒီယိုများကိုကြည့်ရှုလိုက်ပါ!

သင့်ရဲ့ အခမဲ့ကျန်းမာသောရေ eBook ကိုရယူပါ !

ebook အားသင့်ထံ email မှတဆင့်ပေးပို့ပြီးပါပြီ။ သင့်ရဲ့အချက်အလက်များကိုလုံခြုံစွာထိန်းသိမ်းထားပါတယ်။ကျွန်ုပ်တို့၏ ကိုဖတ်ရှုနိုင်ပါတယ် ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာပေါ််လစီ

Kangen ရေနှင့်ပတ်သက်၍ သင်သိရှိရန်လိုအပ်သမျှအချက်အလက်များ

ဗီဒီယိုစာကြည့်တိုက်

ကြည့်ရှုရန်

မူပိုင်ခွင့် © 2026 EnagicWebSystem.com. မူပိုင်ခွင့်အားလုံးရရှိပြီး။ | Terms and Conditions